What is the Fashion Mood Board (Part-2)

သင်က ကိုယ်ပိုင် Brand ထုတ်မယ့်သူ ( ဒါမှမဟုတ်) Designer တစ်ယောက်သာဆို သင့်အတွက် သိကို သိထားရမယ့် Fashion Knowledge No.2

Fashion_Mood_Board_Part2

Designer တစ်ယောက်အတွက် Phone တစ်လုံးရှိရုံနဲ့ အကျိုးရှိစွာ ဘယ်လို အသုံးချကြမလဲ
Fashion Mood Board App Day
ကဲ မနေ့က Mood Board ရဲ့ အခြေခံ အကြောင်းလေးတွေ ပြောပီးပီးဆိုတော့ ဒီနေ့မှာတော့ စိတ်ကူးထဲက Mood Board တစ်ခုကို ဖန်တီးပြုလုပ်ချင်တဲ့အခါမှာ စာရွက်တို့ Board အပြားတို့ပေါ်မှာ လုပ်ဖို့ ခက်ခဲနေချိန် ဖုန်းနဲ့ အလွယ်တကူ လုပ်နိုင်ဖို့အတွက် App လေးတွေ ပြောပြပေးသွားမယ်နော်

ဒီနေ့ကတော့ ” App Day ” လေးပေါ့
အမတို့ His’s & Her’s က သင်တန်းသူတိုင်းကိုတော့ အမက ပုံလေးတွေ ရှာဖွေတဲ့အခါမှာ ရှာဖွေဖို့နေရာတွေအများဆုံး ထဲကမှ အလွယ်ကူဆုံးနဲ့ ရှာဖွေလို့ အကောင်းဆုံးဖြစ်ပြီး လူတိုင်း စိတ်ဝင်စားတဲ့ ” Pinterest ” သုံးဖို့ အမြဲ အကြံပေးလေ့ရှိပါတယ်…

▪️ဘာလို့ဆိုတော့ အမတို့ ဒီ Fashion Mood Board တွေ အပြင်မှာ မပြုလုပ်ခင်မှာ Pinterest ထဲမှာ ကိုယ် စိတ်ကူးထဲက အသုံးပြုချင်တဲ့ပုံတွေကို စိတ်ကြိုက်ရှာနိုင်သလို တစ်ခါထဲ Pinterest ထဲမှာဘဲ ကိုယ်ပိုင် Mood Board ကို Create လုပ်ထားလို့ရလို့ဘဲ ဖြစ်တယ် ။

▪️နောက်ပြီး Pinterest က ကိုယ်ကြိုက်သလို စိတ်တိုင်းမကျမချင်း ပုံတွေကို ရှာလို့လဲရတယ်…. နောက်ဆုံး သေချာသွားပြီဆိုမှ Mood Board ထဲမှာထည့်မယ့် ကိုယ် inspired ဖြစ်တဲ့ ပုံတွေကို Pinterest ထဲက အလွယ်တကူ ဒေါင်းပြီး Print ထုတ်ပြီး Hardboard ပေါ်မှာ ကပ်လို့လဲ အဆင်ပြေတယ်ပေါ့နော် ။

Leave a Reply

Your email address will not be published. Required fields are marked *