What is the Fashion Mood Board (Part -3)

သင်က ကိုယ်ပိုင် Brand ထုတ်မယ့်သူ ( ဒါမှမဟုတ်) Designer တစ်ယောက်သာဆို သင့်အတွက် သိကို သိထားရမယ့် Fashion Knowledge No.3

Fashion_Mood_Board_Part3
ကဲ Part-2 မှာ Fashion Mood Board လုပ်ကြည့်ချင်ကြတဲ့သူတွေအဆင်ပြေစေဖို့ App လေးတွေ ပြောပြပေးခဲ့ပြီး ဒီနေ့မှာတော့ နောက်ဆုံးအပိုင်း (Part – 3) လေး ဖြစ်တဲ့ ” Fashion Mood Board များကို ဖန်တီးရာတွင် ပါဝင်သော အဆင့်များနှင့် လိုအပ်သော Materials များ ” ကို ဆက်ပြီး ပြောပြပေးမယ်နော် …

ကဲ… စလိုက်ကြရအောင်နော်

Fashion Mood Board တစ်ခုကို ဖန်တီးတော့မယ်ဆိုရင်…

  1. ပထမဆုံးအနေနဲ့ ကိုယ့်အတွေးထဲမှာ ရှိတဲ့ idea တွေကို ဆက်စပ်တွေးခေါ်ပြီး Brainstorm လုပ်ရပါမယ်…

▪️ အမတို့ Mood board ကို စမလုပ်ခင်မှာ အချက်အလက်တွေ ၊ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ကိုယ့်ရဲ့ Sketch book မှာပဲ ဖြစ်ဖြစ် ကွန်ပျူတာထဲမှာပဲ ဖြစ်ဖြစ် စုစည်းထားရပါမယ်…

▪️ဘယ်လိုပုံစံမျိုးနဲ့ ကိုယ့်ရဲ့ Mood Board ကို ပြုလုပ်မလဲဆိုတာကို ကိုယ်စုဆောင်းထားတဲ့ ideas တွေနဲ့ ဆုံးဖြတ်ချက်ချရမှာဘဲ ဖြစ်ပါတယ်နော် …

ဒီနေရာမှာ တစ်ခုရှိတာက တစ်ခါတလေမှာ Brainstorming လုပ်နေရင်းနဲ့ ကိုယ့်ရဲ့ ဦးနှောက်ကနေ ဘာ ideas မှ မထွက်တာမျိုး ဘာမှ မစဉ်းစားမိလောက်အောင် စိတ်ညစ်စရာကောင်းတဲ့ အခြေအနေတွေနဲ့ အမတို့ ကြုံတွေ့ရတတ်ပါတယ်…

အဲ့လိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် အရမ်း တွန်းအားမပေးဘဲ အနားယူပြီးမှ ပြန်စသင့်ပါတယ်လို့ အမကတော့ အကြံပေးချင်ပါတယ်နော်…
( တစ်ခါတစ်လေ ခရီးထွက်ပစ်လိုက် အကြံကောင်းတွေပိုရလိမ့်မယ် )

  1. ဒုတိယတစ်ချက်အနေနဲ့ ကိုယ့်အတွေးထဲက ပုံတွေအတွက်ကို ကိုးကားစရာ ပုံတွေ စုစည်းရာ နေရာြ ဖစ်တဲ့ ” Pinterest, Magazines & Google ” တို့လိုမျိုးထဲမှာ ideas တွေမျိုးစုံ ကိုယ့်စိတ်ကြိုက် ရှာဖွေထားပါ ။
  2. တတိယအချက်အနေနဲ့ ကိုယ်စုဆောင်းထားတဲ့ ideas တွေ ပေါင်းစပ်ကြမယ်…
    ▪️ အမ အပေါ်မှာပြောခဲ့သလိုပါပဲ ကိုယ်တိုင် Brainstorm လုပ်ထားတဲ့ idea တွေ … ” Pinterest, Magazines & Google ” တွေကနေ ကိုယ်သဘောကျတဲ့ ပုံတွေ ၊ Color တွေ ကို စုပေါင်းပြီး ဒီ အရောင် ၊ ဒီ Concept တွေကို တကယ်ပဲ ကိုယ်တိုင်ရော သဘောကျရဲ့လား?

ဒီလိုအရာတွေနဲ့ Mood board တစ်ခုကို တကယ်စလုပ်တော့မှာလား? လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ …နော် ။
သဘောလဲကျပြီး သေချာပြီဆိုတာနဲ့ Concept တွေနဲ့ ကိုက်ညီပြီး ကိုယ်တိုင် စုဆောင်းထားတဲ့ ပုံတွေနဲ့အတူ Mood Board တစ်ခုကို အမတို့ စတင်ပြုလုပ်လို့ရပါပြီ…

ကဲ ဒါဆို အခု အပြင်ဘက်က Design Cork board တွေနဲ့ စာရွက်တွေပေါ်မှာ Mood board လုပ်တဲ့အခါ လိုအပ်တဲ့ အခြေခံ Materials လေးတွေ ပြောပြပေးမယ်နော်

  1. Paper (A4 or A3 200gsm) စက္ကူအထူ
  2. Pencil – ခဲတံ
  3. Color Palettes – သုံးမယ့်ကာလာ ဇယား
  4. Scissors – ရိုးရိုးကတ်ကြေး နှင့် အလှကတ်ကြေး
  5. Glue – ကပ်ရန် ကော်
  6. Photo – စိတ်ကြိုက် Print ထုတ်ထားတဲ့ ပုံ
  7. Fabric – သုံးမယ့် ပိတ်စ (or) ပိတ်စဒီဇိုင်းဆွဲထားသော စာရွက်
  8. Magazine Photo – မဂ္ဂဇင်းထဲက စုထားသောပုံများ
  9. Design Cork Board – ပုံတွေကို ပင်အပ်နဲ့ ချိတ်လို့ရတဲ့ Board
    ဒါလေးတွေကတော့ Mood Board လုပ်ရမှာ အသုံးပြုရမယ့် အမကိုယ်တိုင် ပြုလုပ်လေ့ရှိတဲ့ အခြေခံ ပစ္စည်းလေးတွေဘဲ ဖြစ်ပါတယ်နော် ( အောက်မှာလဲ ပုံနဲ့တကွ ပြထားပါတယ် )

နောက်ဆုံးတစ်ခုကတော့ ” Mood Board Resources ” ဘဲ ဖြစ်ပါတယ် ။

  1. Pinterest
    (Great for inspiration pictures. The mother of all mood board sites)
  2. Canva
    (Perfect for layouts and templates. You can use Canva for graphics, social media, and basically all your marketing material.)
  3. Milanote
    (Online mood board generator. Stunning interface and very easy to use.)
  4. Moodzer
    (Userfriendly with drag and drop functions plus picture and color editing functions. )
  5. Coolors.co
    (Online color generator)
  6. Evernote
    (A notetaking app to keep track of ALL your notes and ideas. It’s fantastic!)
  7. Getty
    (Huge image databank)
  8. Unsplash
    (Online source of freely usable images.)
  9. Mood Board Adobe
    (Adobe Creative Suite with Photoshop, Illustrator, and InDesign. Programs you will use in your business from Product design to pictures and all your marketing material. A must for all apparel business entrepreneurs.)

ဒါလေးတွေကတော့ Mood Board အတွက် Resources လေးတွေဘဲ ဖြစ်ပါတယ် ။

ဒါဆို အမ ထပ်ပြောချင်တာကတော့ ကိုယ်ပိုင် Brand ထုတ်မယ့် သူဘဲ ဖြစ်ဖြစ် , Fashion Designer တစ်ယောက်ဖြစ်ဖြစ် Mood Board တစ်ခုကို ကိုယ်တစ်ယောက်ထဲ လုပ်သည်ဖြစ်စေ ၊ Group နဲ့ လုပ်သည်ဖြစ်စေ လုပ်တဲ့အခါမှာ ပြုလုပ်ထားတဲ့ Mood Board က မြင်တာနဲ့ ရှင်းလင်းရမယ် ၊ ကိုယ်တစ်ယောက်ထဲဘဲ နားလည်သိနေလို့မရဘူး အဖွဲ့စည်းပါ အကုန်နားလည်နေဖို့လိုတယ် ။

နောက်ပြီး အဖွဲ့လိုက် လုပ်တဲ့အခါမှာလဲ အိုင်ဒီယာတွေ ရူပ်ထွေးနေလို့မရဘူး အရာရာကို ညှိနိုင်းလုပ်ဖို့လိုတယ် နောက်မို့ဆို သူဒီဇိုင်းကိုယ့်ဒီဇိုင်းတွေနဲ့ ရောထွေးပြီး လိုရာမရောက်ဖြစ်တတ်တယ် ။

Final Words
▪️များများရှာဖွေပါ
▪️များများလေ့လာပါ
▪️များများသင်ယူပါ
▪️များများအသုံးချပါ

အတတ်နိုင်ဆုံး အမအပေါ်မှာ ဖော်ပြထားတာလေးတွေကို ကိုယ်တိုင် ရှာဖွေ အားထုတ်ပါ မြန်မာမှာက ကိုယ်တိုင် အားထုတ်ရှာဖွေမူ ၊ မရမက ကြိုးစားရှာမူ ၊ ရှာဖွေစာဖတ်ခြင်းတွေ အရမ်းအားနည်းတယ် တစ်ခုခုဆို ဆရာကို အားကိုးလေ့ရှိတယ် ။ အခုခေတ်နဲ့အညီ နိုင်ငံတကာကျောင်းတွေလို များများ ကိုယ်တိုင် Research လုပ်ပါနော်

အမ အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ” Brand တစ်ခုလုပ်ဖို့ Planning Face လုပ်တဲ့အချိန်မှာ ဒီ Fashion Mood Board တစ်ခုကို အချိန်ပေးပြီး Research လုပ်ထားလိုက်ခြင်းဖြင့် တကယ် အကောင်ထည်ဖော်တဲ့အချိန်မှာ အချိန်ကုန်သက်သာစေတဲ့အပြင် အမှားနည်းပြီး ကိုယ်ပိုင် အိုင်ဒီယာစစ်စစ်တွေနဲ့ ပြုလုပ်ထားတဲ့အတွက် Brand ပိုင်ရှင်များ၊ Designer များ စိုးရိမ်နေတဲ့ ဒီဇိုင်းပိုင်းစိုးရိမ်မူတွေ လုံးဝမရှိနိုင်တော့မှာမို့ Fashion Mood Board တစ်ခုကို လုပ်ကို လုပ်သင့်ကြောင်း ” အမ လေ့လာသင်ယူသိရှိထားတဲ့ Fashion Knowledge တစ်ခုအဖြစ် Fashion နဲ့ပတ်သက်သူတိုင်းကို ဝေမျှပေးလိုက်ပါတယ်နော် ။

Leave a Reply

Your email address will not be published. Required fields are marked *