👟🥾𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐚𝐧𝐝 𝐌𝐮𝐬𝐢𝐜 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐲 🎧🎶

👟🥾𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐚𝐧𝐝 𝐌𝐮𝐬𝐢𝐜 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐲 🎧🎶

Fashion ကို စိတ်ပါဝင်စားသူတိုင်း သိကို သိထားသင့်တာမို့ ဖတ်ဖြစ်အောင်ကို သေချာဖတ်ပါနော် ။ ခုခေတ်က အိမ်မှာနေရင်း စိတ်မလေရအောင် တစ်ခုမဟုတ်တစ်ခု လေ့လာသင့်တဲ့ အချိန်ဖြစ်ပါတယ်။ သမရိုးကျ Fashion အကြောင်းအရာတွေဆီကနေ အခုလို Fashion နဲ့ ဆက်နွှယ်တဲ့ သိထားသင့်တဲ့ အသစ်သစ်လေးတွေ၊ နိုင်ငံတကာကျောင်းတွေမှာ ကိုယ်တိုင် Research လုပ်ရလေ့ရှိတဲ့ ခုလိုအကြောင်းအရာအသစ်လေးတွေကိုလဲ စုဆောင်းလေ့လာထားသင့်လို့ အမ အားလုံးကို ဝေမျှပေးလိုက်ပါတယ်နော် 👇

အမတို့ အားလုံး သိထားတဲ့အတိုင်း Fashion နဲ့ music industry ဆိုတာကတော့ အသစ်သစ်သော ၊ များပြားလှသော ဖန်တီးမှုတွေနဲ့အတူ အပြန်အလှန်ဆက်နွယ်နေကြတဲ့ industry (၂) ခုပဲဖြစ်ပါတယ်…
🌟 သူတို့ တစ်ခုနဲ့တစ်ခုအပြန်အလှန် လွှမ်းမိုးမှုတွေကြောင့် လူ့ယဉ်ကျေးမှု သမိုင်းမှာ လွပ်လပ်မှုကို အားပေးတဲ့ အထင်ရှားဆုံးသော အဝတ်အထည် design တွေနဲ့ ” 𝗙𝗿𝗲𝗲𝗱𝗼𝗺 𝗼𝗳 𝗙𝗮𝘀𝗵𝗶𝗼𝗻 𝗘𝗿𝗮 ” ကိုဖော်ဆောင်နိုင်ခဲ့ပါတယ်…
🌟 နောက်ပြီး Stage Performance တွေ၊ artist တွေကို ရည်ရွယ်ပြီး အမှတ်တရဖြစ်စေမယ့် design တွေကိုသာ ထုတ်လုပ်ခဲ့ရာမှတစ်ဆင့် music genre အမျိုးကွဲတွေအလိုက် မတူညီတဲ့ ” 𝗙𝗮𝘀𝗵𝗶𝗼𝗻 𝘁𝗿𝗲𝗻𝗱𝘀 ” တွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်…
🌟 Celebrities တွေ၊ musicians တွေနဲ့ တခြားသော နာမည်ကြီး ပုဂ္ဂိုလ်တွေက မတူညီတဲ့ fashion ရဲ့ ခေတ်ရေစီးကြောင်းတိုင်းကို လွှမ်းမိုးထားတယ်ဆိုတာကတော့ ထုံးစံလိုပါပဲ…
🌟 ယနေ့ခေတ် artist တွေရဲ့ fashion အပေါ်သက်ရောက်မှုတွေ ပိုပြီးတော့ကြီးမားလာခဲ့တဲ့အကြောင်းရင်းကတော့ hit ဖြစ်နေတဲ့ ဘယ်လို fashion အကြောင်းအရာမျိုးမှာမဆို သူတို့မပါမဖြစ်တဲ့ အထိပါပဲ…
🌟 သူတို့ရဲ့ သီချင်းတွေထဲမှာ brand name တွေထည့်ဆိုတာမျိုးတွေ၊ MV တွေမှာ high end ဖြစ်တဲ့ အပြင်အဆင်တွေနဲ့ ရိုက်ကူးတာမျိုးတွေကနေစပြီး သူတို့ရဲ့ ကိုယ်ပိုင် design တွေကိုပါ branded labels တွေနဲ့တွဲပြီး ထုတ်လုပ်လာခဲ့ကြပါတယ်…
🌟 တက်သစ်စတွေသာမက နာမည်ရပြီးသား အနုပညာရှင်တွေကပါ high-end brand တွေအကြောင်း သီချင်းလုပ်ဆိုနေကြတာကတော့ brand တွေကို free promoting လုပ်ပေးနေကြသလိုပါပဲနော်…
🌟 1986 မှာ Run D.M.C က သူတို့ရဲ့ hit song လို့ ပြောလို့ရတဲ့ ” 𝗠𝘆 𝗔𝗱𝗶𝗱𝗮𝘀 ” ကို release လုပ်လိုက်တဲ့အချိန်ကစပြီး အစင်းကြောင်း ၃ ခုနဲ့ Adidas ရဲ့ sneakers တွေက millions နဲ့ချီတဲ့ လူတွေကြားမှာ ပြောစမှတ်ပြုရလောက်အောင် ခေတ်စားလာခဲ့ပါတယ်…
🌟 ဒါကို သတိထားမိတဲ့ Adidas
က Run D.M.C ကို သူတို့နဲ့ လက်တွဲစေပြီး ကိုယ်ပိုင် sneaker line up တစ်ခုကို ထုတ်လုပ်စေခဲ့ပါတယ်…
🌟🌟ဒါကတော့ Hip-Hop culture မှာ clothing brand တစ်ခုနဲ့ လက်တွဲခဲ့တဲ့ ပထမဆုံးသော deal တစ်ခုပါပဲ…
စိတ်ဝင်စားဖို့ကောင်းလာပြီးနော် 😉
📍 တဖြည်းဖြည်းနဲ့ Music က အဓိကကျတဲ့ နေရာတစ်နေရာ ဖြစ်လာတာနဲ့ အမျှ musician တွေအတွက်တော့ပိုမိုကောင်းမွန် အခွင့်အလမ်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်…
📍 ၂၀၁၀ ပြည့်လွန်နှစ်များသို့အကူးအပြောင်းကာလတွေမှာဆိုရင် ” 𝗗𝗿𝗮𝗸𝗲, 𝗥𝗶𝗵𝗮𝗻𝗻𝗮, 𝗣𝗵𝗮𝗿𝗿𝗲𝗹𝗹 𝗪𝗶𝗹𝗹𝗶𝗮𝗺𝘀 နဲ့ 𝗞𝗮𝗻𝘆𝗲 𝗪𝗲𝘀𝘁 ” တို့လို နာမည်ကြီး ဂီတသမားများတွေက ယနေ့ခေတ်ရဲ့ fashion ရေစီးကြောင်းအပေါ်လွှမ်းမိုးမှုကြီးကြီးမားမား ရရှိထားခဲ့ပါတယ်…
📍 နာမည်ကြီးဂီတပညာရှင်တစ်ဦး ကို branded label တစ်ခုနဲ့သဘောတူညီမှု တစ်စုံတရာမရှိဘူးဆိုတာကတော့တွေ့ရခဲတဲ့ အခြေအနေတစ်ခုလိုတောင် ဖြစ်လာနေပါပြီ…
🌟🌟🌟ယနေ့ခေတ် Fashion culture ရဲ့အထင်ကရဖြစ်စေမယ့် iconic figure တစ်ဦးကတော့ အသက် 46 နှစ်ရှိပြီဖြစ်တဲ့ ” 𝗣𝗵𝗮𝗿𝗿𝗲𝗹 𝗪𝗶𝗹𝗹𝗶𝗮𝗺𝘀 ” ပဲဖြစ်ပါတယ်…
▪️Designer တစ်ဦးလဲ ဖြစ်တဲ့ သူက Chanel, Bape, Adidas တို့အပြင် တခြားသော clothing brand တွေနဲ့ပါ collab လုပ်ခဲ့ပါတယ်…
“𝗕𝗶𝗹𝗹𝗶𝗼𝗻𝗮𝗶𝗿𝗲 𝗕𝗼𝘆𝘀 𝗖𝗹𝘂𝗯” ဆိုတဲ့ သူရဲ့ ကိုယ်ပိုင် streetwear brand တစ်ခုကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်…
သူ့ရဲ့ fashion နဲ့ပတ်သက်ပြီး ပြောင်းလဲမှုတွေက တော့ ရိုးရှင်းပြီး ဆန်းသစ်နေပါတယ်…
▪️Adidas နဲ့ဆိုရင် နာမည်ရပြီးသား sneaker line up တွေဖြစ်တဲ့ NMD နဲ့ Stan Smith တို့ကို ပိုပြီးတော့ အရောင်သွေးစုံတဲ့ color ways တွေ flower patternsတွေနဲ့ ခြယ်သခဲ့ပါတယ်။

▪️ဒါအပြင် သူ့ရဲ့ ” 𝗙𝗿𝗲𝗲𝗱𝗼𝗺 ” ဆိုတဲ့ သီချင်းနဲ့ MV ထဲမှာ မတူကွဲပြားမှုတွေ၊ ဖိနှိပ်ခံရသူများရဲ့အကြောင်းကို ပြသတဲ့ အနေနဲ့ African ရိုးရာအငွေ့အသက်တွေပါဝင်တဲ့ stirp pattern တွေ အရောင်ရောစပ်မှူတွေ နဲ့ design ချုပ်လုပ်ပြီး လွပ်လပ်မှုဆိုတာကို ပုံဖော်ပြသခဲ့ပါတယ်…

📌 Freedom နဲ့ Revolution အကြောင်းပြောကြတော့မယ်ဆိုရင် ဖက်ရှင်နှင့်တေးဂီတမှာ သြဇာအရှိဆုံးနှင့်လှုံ့ဆော်မှုအရှိဆုံးသောပူးပေါင်းဆောင်ရွက်မှုဖြစ်တဲ့ ” 𝗣𝘂𝗻𝗸 𝗥𝗼𝗰𝗸 𝗙𝗮𝘀𝗵𝗶𝗼𝗻 ” ကတော့ မပါမဖြစ်ပါပဲ။
နောက်ပြီး ကန့်သတ်ချက်အချို့ကို ဆန့်ကျင်ကြတဲ့ နေထိုင်မှု ပုံစံတွေနဲ့ အခုလို Fashion မျိုးတွေ👇
• rip skinny jeans
• band t-shirt တွေနဲ့ black jackets တွေ
• ဘေးနှစ်ဖက်ကို အပြောင်ရိတ်ထားပြီး color ဆိုးထားတဲ့ ဆံပင်ထောင်ထောင်ပုံစံ
• Iconic ဖြစ်တဲ့ Doc Martin boot တွေနဲ့
Converse ရဲ့ All-Star shoes
• Heavy eyeliner နဲ့ makeup တွေ
• ခန္ဓါကိုယ်ကို modifiy လုပ်ထားတဲ့ face piercing တွေနဲ့ ခပ်မိုက်မိုက် ပုံစံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်…
▪️Dior က Angels တွေအတွက် သပ်သပ်ရပ်ရပ်ဖြစ်ပြီး smart ကျတဲ့ ခေတ်ရှေ့ပြေးပုံစံတွေကို ချုပ်လုပ်ပေးနေတာဆိုရင် Yves Saint Laurent ကတော့ Devils တွေအတွက် ခပ်မိုက်မိုက် ပုံစံနဲ့ high-end ဖြစ်တဲ့ Punk Rock fashion တွေကို ပုံဖော်ပေးနေတာဖြစ်ပါတယ်…
📍 2008 မှာ YSL ရဲ့ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ Saint Laurent ရဲ့ စိတ်မကောင်းဖွယ်ရာ သေဆုံးမှုအပြီးမှာတော့ creative director တစ်ယောက်ဖြစ်တဲ့
Hedi Slimane က punk rock ရဲ့ aesthetic ဖြစ်မှုနဲ့ YSL ရဲ့ အရှိန်အဝှာ တို့ကို ပေါင်းစပ်ပြီး 2012 ခုနှစ်မှာ YSL ကိုပြန်လည် အသက်သွင်းခဲ့ပါတယ်။
အဲ့ဒီ့ အချိန်ကစပြီး Saint Laurent ကကမ္ဘာ့အကြီးဆုံးကုန်အမှတ်တံဆိပ်များထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။
📍 Rock တွေနဲ့ Rap music တွေက fashion လောကမှာ သက်ရောက်မှု ကြီးမားခဲ့သလို တခြားသော ဂီတအမျိုးအစားတွေကလဲ fashion industry မှာ ဖန်တီးမှု အသစ်တွေနဲ့ ရောယှက်နေကြပါတယ်…
……………………………………….
” California က 18 နှစ်အရွယ် အဆိုတော်မလေးဖြစ်တဲ့ Billie Elish ရဲ့ ကိုယ်ပိုင် style ဖန်တီးမှုပုံစံက လူငယ်တွေ တော်တော်များများရဲ့ fashion နဲ့ပတ်သက်ပြီး inspire ယူလို့ရမယ့်အချက်တစ်ချက်ဆိုရင်လဲ မမှားပါဘူး… “
🌟 Billie ရဲ့ကိုယ်ပိုင် style ဖြစ်တဲ့ neon ရောင် over-sized t-shirt နဲ့ short pants တွေ၊ သူ့ရဲ့ signature လို့တောင် ပြောလို့ရတဲ့ Billie Elish ရဲ့ name tag ရေးထိုးထားတဲ့ beanies တွေက Pop culture ကိုနှစ်သက်တဲ့ ကမ္ဘာတစ်ဝန်းက လူငယ်တွေကိုပါ Fashion နဲ့ပက်သက်ပြီး အမြင်သစ်တစ်ခုကို ရရှိစေပါတယ်…
📌 Music နဲ့ Fashion ဆိုတာက ဘယ်လိုအချိန်မျိုးမှာပဲ ဖြစ်ဖြစ် ကွဲပြားသွားမယ့် အရာနှစ်ခု မဟုတ်တာကြောင့် ယနေ့ခေတ် ဂီတပညာရှင်တွေ အဆိုတော်တွေက fashion နဲ့ပက်သက်ပြီး ရင်းနှီးတဲ့ ဆက်သွယ်မှုတွေ ရှိနေကြဦးမှာပါ။
📍ရှေ့ဆက်ပြီး သူတို့ရဲ့ brand တွေနဲ့ လက်တွဲပြီးလုပ်ဆောင်မယ့် projects တွေ merchandise တွေကြောင့် ဂီတလောက ရဲ့ fashion ရေစီးကြောင်းအပေါ် လွှမ်းမိုးမှုက ဆက်လက်ပြီးတော့ ကြီးမားလာဦးမှာပဲဖြစ်ပါတယ်…

ကဲ ဒီနေ့တော့ Fashion နဲ့ music industry အကြောင်းလေးကို အားလုံးအတွက် အိမ်မှာနေရင်း အကြောင်းအရာအသစ်လေးတစ်ခုအဖြစ် သိရှိရအောင် မျှဝေပေးလိုက်ပါတယ်နော် ။ နောက်နေ့တွေမှာလဲ အသစ်သစ်တွေနဲ့အတူ ပြန်ဆုံကြမယ်နော် 👋
✅ အမ ဒီနေ့ မျှဝေပေးသွားတာ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပေးသွားပါဦးနော်
✔️ အကျိုးရှိစေမယ့်သူများထံ ပြန်လည် မျှဝေခြင်းဖြင့် ပညာကုသိုလ်ယူပါ ✔️
💙🖤 Turning your passion into fashion 🖤💙
Fashion Illustration by His’s & Her’s🌹🌹🌹