2022 မှာ ဒီဇိုင်းတွေ ရှယ်ဆွဲပြီး Fashion Business တစ်ခုကို စတင်ချင်လား
– ဝလုံးတောင် ဖြောင့်အောင်မဝိုင်းနိုင်ဘူး…
– ဘာမှမဆွဲတတ်ဘူး …
– ဘာအခြေခံမှ မရှိဘူး…
– ဘယ်လိုလေ့လာရမလဲ…
– Fashion Illustration က ဘာလဲ…
– Fashion Illustration Career က ဘာလဲ…
– Fashion နဲ့ပက်သတ်တဲ့ App တွေ Website တွေ ဘယ်လိုရှာရမလဲ…
– Fashion Brand တည်ဆောက်ဖို့ ဘယ်ကစလုပ်ရမလဲ…
– နိုင်ငံခြားမှာ Fashion School တက်ဖို့ ဘာတွေပြင်ဆင်ရမလဲ …
စတဲ့ မေးခွန်းတွေအတွက်…
2022 မှာ You တို့ စမတ်ကျကျနဲ့ စီးပွါးရေးတစ်ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အားလုံး စောင့်မျှော်နေကြတဲ့ February လအတွက်အတန်းသစ် 2ခု ကို အမ ဖွင့်ပေးလိုက်ပါပြီးနော်…
Basic Fashion Drawing For Womenswear Online Class
ဒီအတန်းလေးကတော့ နာမည်နဲ့ လိုက်အောင်ကို အခြေခံလုံးဝမရှိတဲ့သူလေးတွေ ပုံလုံးဝမဆွဲတတ်တဲ့ သူလေးတွေ အတွက် ရည်ရွယ်ပြီး ဖွင့်ထားပေးခြင်း ဖြစ်လို့ မည်သူမဆို တက်လို့ရတဲ့ အတန်းလေး ဖြစ်ပါတယ်နော်…
ဘာအခြေခံမှလဲ ရှိစရာမလိုအပ်သလို Fashion နဲ့ပက်သတ်သော Knowledge များကို အခုမှ စပြီး လေ့လာမယ့်သူများ၊ ဒီဇိုင်နာများ ၊ ကိုယ်ပိုင် Brand ထုတ်မယ့်သူများ ၊ နိုင်ငံခြားမှာ Fashion School သွားတက်ကြမယ့် ကျောင်းသူများအတွက် အထူးသင့်လျော်တဲ့ အတန်းလေးပါ…
ပုံမှန်မြင်တွေ့နေကြ ၊ သင်နေကြပုံစံထဲက ကွဲထွက်ပြီး နိုင်ငံတကာ သင်ရိုးစနစ်တွေနဲ့အညီ Design ရေးဆွဲခြင်းများသာမက ကိုယ်ပိုင် Brand ထုတ်လုပ်ချင်ပေမယ့် ဘယ်ကစရမှန်းမသိတဲ့သူတွေ၊ နိုင်ငံတကာမှာ ကျောင်းသွားတက်မယ့်အခါ လိုအပ်တဲ့ ပြင်ဆင်ရေးတွေအတွက် ကိုယ်တိုင် ရှာဖွေကြိုးစားရမယ့် Fashion Project တွေကိုပါ အတူတကွ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်…
အပါတ်စဉ် Zoom Meeting ဖြင့် တစ်ဦးချင်းစီရဲ့ အိမ်စာများကို စစ်ပေးတဲ့အပြင် Fashion Project များ၊ Brand ထုတ်ဝေခြင်းများနှင့် သက်ဆိုင်သော Knowledge များ ၊ နိုင်ငံတကာကျောင်းရွေးချယ်မူများ ကို Zoom meeting ဖြင့် အသေးစိတ် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်…
ပြည်တွင်း Clothing Brand များကိုသာမက နိုင်ငံတကာရဲ့ Clothing Brand များကိုပါ Market Research လုပ်ဆောင်ရမှာ ဖြစ်ပြီး Fashion Website & App သုံးနည်းတွေကိုပါ လေ့လာခွင့် ရမှာ ဖြစ်ပါတယ်….
ရှိသေးတော့ အခွင့်အရေးအများကြီးရှိတဲ့ အတန်းလေးနော်….
Face ဆွဲနည်းများနှင့် ပွဲတက်မြန်မာဝတ်စုံလေးတစ်စုံကို ထပ်တိုးသင်ခန်းစာအဖြစ် ထည့်ပေးထားပါသေးတယ်နော်… သင်ကြားခွင့်ရမယ့် Lessons အသေးစိတ်ကိုလဲ Comment ထဲမှာ ဖော်ပြပေးထားပါတယ်နော်
ဒီအတန်းလေးကို Join ချင်ရင်တော့ ” February ” လအတွက် Batch -15 အတန်းသစ်လေးရှိနေပါပြီး..
Basic Fashion Drawing For Womenswear Online Class ( Batch -15 )
Time – 24Hrs ( အချိန်မရွေးပါနော် )
Day – Saturday
Fee – 175000 ks ( သင်ထောက်ကူများမပါ )
Period – 2Months
Start Date – 5.2.2022
10.1.2022 ကစပြီး သင်တန်းကြေးသွင်းတာ စပီး လက်ခံပေးနေပါပြီး
31.1.2022 ရက်နေ့ထိသာ သင်တန်းအပ်လက်ခံပါမယ်နော် ဒီအတန်းကို အပ်လိုက်ရင် ” Fashion Project ” အတန်းကိုပါ ငွေထပ်သွင်းစရာမလိုဘဲ Join ခွင့်ရမှာပါ…
( Fashion Project အတန်းကဘာလဲဆိုတာ အောက်မှာ ဆက်ရှင်းပြထားတယ်နော် )
ဒီအတန်းကတော့ မကြေညာခင်ကတည်းက ကြိုတင်စာရင်းသွင်းထားတာ များတဲ့အတွက်ကြောင့် စာရင်းပိတ်မြန်မှာမို့ မြင်တာနဲ့ အမြန်လက်ဦးမှ ရပါမယ်…ကျောင်းသူဟောင်းတွေရဲ့ လက်ရာလေးတွေကို Comment မှာ ပြပေးထားတယ်နော်…
ဒါဆို ဘာတွေ သင်ခွင့်ရမှာလဲ
Fashion Project ဒီ ဘာသာရပ်ကတော့ Batch-11 ကမှ စတင်ပြီး ထပ်တိုးသင်ကြားပေးခဲ့တဲ့ အတန်းလေးပါ။ ကိုယ်ပိုင် clothing brand ထုတ်မယ့်သူလေးတွေ၊ နိုင်ငံခြားမှာ ကျောင်းတက်မယ့် သူလေးတွေအတွက် Fashion Project တစ်ခုကို ကိုယ်တိုင် လုပ်ဆောင်နိုင်အောင် Fashion နဲ့ပတ်သက်တာတွေ Research လုပ်တတ်အောင် Practice လုပ်ပေးတဲ့ အတန်းလေးပါ။ ကိုယ်တိုင် လုပ်ဆောင်ရမှာဖြစ်ပြီး Group နဲ့ပါ Team Work နဲ့ရော တူတူ လုပ်ဆောင်ရမှာ ဖြစ်ပါတယ် ။ နိုင်ငံတကာ Brand တွေရဲ့ Design ပိုင်းတွေနဲ့ကိုယ်ပိုင် Brand ထုတ်နိုင်သွားဖို့ထိ တူတူလေ့လာသင်ယူရမှာ ဖြစ်ပါတယ် ။
Fashion Drawing Sketch ဖက်ရှင်တစ်ခုကို ဆွဲတဲ့အခါ အကျီဒီဇိုင်းတင်မဟုတ်ဘဲ Body Figure , Face Drawing , Hairs Drawing , Garment sketch တွေရဲ့ Sketch တွေဟာ အရေးကြီးတာဖြစ်တဲ့အတွက် အသေးစိတ်သင်ကြားခွင့်ရမှာပါ ။
————————————–
Garment Designs- Swim Wear
– Ready to Wear – Pants
– Coat Design- Evening Dress
– Myanmar Ready to Wear
– Myanmar Wedding Dress
– Western Wedding Dress
————————————–
Color Theory Color ရွေးချယ်တတ်မှုကလဲ ဒီဇိုင်းတစ်ခုမှာ အရမ်းအရေးကြီးတာဖြစ်လို့ အသေးစိတ်သင်ကြားခွင့်ရမှာပါ ။
Fashion Knowledge Fashion တစ်ခုမှ ချုပ်တတ်ရုံ ငွေရှိရုံ ပုံဆွဲတတ်ရုံနဲ့ စီးပွါးရေး လုပ်လို့မရပါဘူး…
ဒါကြောင့် Fashion Business & Marketing အကြောင်းလေးကို နောက်ဆုံးသင်ခန်းစာအဖြစ် အမေးအဖြေ အနေဖြင့်ရော လုပ်ငန်းအကြောင်းလေးတွေကိုပါ အသေးစိတ်ရှင်းပြ သင်ကြားခွင့်ရမှာဖြစ်ပါတယ် ။
အစရှိသော အသေးစိတ် စုစုပေါင်း ” Fashion Project & Lesson -30 ” တိတိကို အမိုက်စားပုံရိပ်တွေဖြစ်လာဖို့ International Levels တွေနဲ့အညီ စကေးချပြီး ကိုယ်ပိုင် သင်ရိုးစာအုပ်နဲ့ အမကိုယ်တိုင် အကောင်းဆုံး လမ်းညွှန်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။